စာလုံးပြောင်းရန်
အသေး ပုံမှန် +ကြီး ++ကြီး +++ကြီး

Thursday, 8 October 2015

တစ်ခါအားသွင်းရုံဖြင့် တစ်လကြာ အသုံးပြုနိုင်မည့် ဟန်းစက် Nokia ထုတ်လုပ်



ဘက်ထရီအား တစ်ခါ အားသွင်းရုံဖြင့် အချိန်တစ်လ ကြာအထိ အသုံးပြုနိုင်မည့် ဒေါ်လာ၂၀ ၀န်းကျင်ရှိ ဈေးနှုန်း သတ်မှတ်ထားသည့် တန်းဖိုးနည်း ဟန်းဆက်တစ်မျိုးကို Nokia ကုမ္ပဏီမှ ထုတ်လုပ် မိတ်ဆက် လိုက်ကြောင်း သိရသည်။ အဆိုပါ ဟန်းဆက်အား Nokia 105 ဟု အမည်ပေးထားပြီး FM Radio စနစ်နှင့် လက်နှိပ်ဓာတ်မီး စနစ်တို့ကို တစ်ပါတည်း ထည့်သွင်းပေးထားသည်။ Standby ထားရှိပါ က ၃၅ ရက်ကြာ ထားရှိနိုင်မည်ဖြစ်ပြီး တရစပ် စကားပြောလျှင် ၁၃ နာရီ ကြာပြောနိုင်အောင် ဘက်ထရီ အနေဖြင့် ခရီးဝေးသွားသည့် ကာလ၌ ဘက်ထရီ အားသွင်းရန် ခက်ခဲသည့် အခြေအနေ များတွင် အကောင်းမွန်ဆုံး အသုံးချနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ပြီး တန်ဖိုးအားဖြင့် နည်းပါးခြင်း ကမည်သူမဆို အလွယ်တကူ ဝယ်ယူနိုင်မည့် အချက်ဖြစ်ကြောင်း ပြောကြားထားသည်။ လာမည့် ရက်သတ္တပတ်အတွင်း ၎င်းဖုန်းများအား ဈေးကွက် အတွင်း ရောင်းချရန် စီစဉ်သွားမည်ဖြစ်ပြီး နိုင်ငံတကာ ဈေးကွက်အထိ ထိုးဖောက်ရန် ရည်ရွယ်ထား နေကြောင်း သိရသည်။

1 comment:

  1. Harrah's Cherokee Casino & Hotel - MapyRO
    Find Harrah's Cherokee 논산 출장안마 Casino & 제주도 출장안마 Hotel locations, rates, 서귀포 출장마사지 amenities: expert Cherokee research, only at Hotel and Travel Index. 김제 출장안마 Select locations can be found in 제주도 출장안마

    ReplyDelete